ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ ကလင် (Kalim) အရပ်ရှိ ကမ်းခြေတစ်ခုတွင် ရွှေဝါရောင်ဆံပင်ရှိသည့် နိုင်ငံခြားသူ ကမ္ဘာလှည့်ခရီးသွား အမျိုးသမီးတစ်ဦးသည် အဝတ်အစားများအားလုံးချွတ်ကာ လူအများရှေ့၌ ဗလာကိုယ်ထည်ဖြင့် ပုံစံမျိုးစုံပေး၍ ဓာတ်ပုံရိုက်ကူးခဲ့မှုကြောင့် လူမှုကွန်ရက်ပေါ်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရကြောင်း "Phuket Times" လူမှုကွန်ရက်စာမျက်နှာကို ကိုးကား၍ သိရသည်။ အဆိုပါအမျိုးသမီးသည် ကမ်းခြေရှိ ကျောက်ဆောင်များနှင့် သစ်ကိုင်းကြီးများပေါ်တွင် မော်ဒယ်တစ်ဦးကဲ့သို့ ပုံစံပေးကာ ၎င်း၏သူငယ်ချင်းဖြစ်သူနှင့်အတူ ဓာတ်ပုံရိုက်ကူးနေခဲ့ခြင်းဖြစ်ပြီး၊ ထိုအချိန်တွင် ကမ်းခြေအနီးတစ်ဝိုက်၌ အခြားကမ္ဘာလှည့်ခရီးသွားများနှင့် ငါးမျှားနေသည့် ဒေသခံများ ဝိုင်းဝန်းကြည့်ရှုနေသော်လည်း မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ စိတ်တိုင်းကျ ဆက်လက်ရိုက်ကူးခဲ့မှုကြောင့် အွန်လိုင်းအသုံးပြုသူများအကြား အကြီးအကျယ် လူပြောများလျက်ရှိသည်။
ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေတွင် နိုင်ငံခြားသူတစ်ဦး လူအများရှေ့ ကိုယ်တုံးလုံး ဓာတ်ပုံရိုက်ကူး၍ ဝေဖန်မှုများပြင်းထန်နေ
May 22 • 2:10 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


