back

မြန်မာနိုင်ငံတွင် Operating System နှင့် Software များ ကိုယ်ပိုင်ထုတ်လုပ်နိုင်ရေး ရုရှားနှင့် နည်းပညာပူးပေါင်းဆွေးနွေး

May 22 • 7:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာနိုင်ငံတွင် Operating System နှင့် Software များ ကိုယ်ပိုင်ထုတ်လုပ်နိုင်ရေး ရုရှားနှင့် နည်းပညာပူးပေါင်းဆွေးနွေး

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Nizhny Novgorod မြို့တွင် ရုရှားနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Nizhny Novgorod မြို့တွင် ရုရှားနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Astra Group ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ပြည်ထောင်စုဝန်ကြီးသည် “Digitalization of Industrial Russia 2026” ဖိုရမ်၌ ခင်းကျင်းပြသထားသော နည်းပညာပြခန်းများကို လေ့လာကြည့်ရှုပြီးနောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၌ Operating System နှင့် Software များကို အမှီအခိုကင်းစွာ ကိုယ်ပိုင်ထုတ်လုပ်နိုင်ရေးအတွက် Astra Group ကုမ္ပဏီမှ နည်းပညာပိုင်းဆိုင်ရာ အကူအညီပံ့ပိုးပေးနိုင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

news-view-count-icon

18