တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးကို မကြာမီကျင်းပသွားမည်ဖြစ်ပြီး ဥပဒေကြမ်းများနှင့် ကြယ်ပွင့်ပြမေးခွန်းများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ကျင်းပခဲ့ကြောင်း သိရသည်။ဗဟိုကော်မတီနာယကက လာမည့် ဇွန် ၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ဒုတိယနှင့် တတိယပုံမှန်အစည်းအဝေးများ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များအား နေပြည်တော်သို့ အချိန်မီလာရောက်နိုင်ရေး ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်းလည်း ဆိုသည်။
May 22 • 7:24 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


