နေပြည်တော်အတွင်းရှိ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်တို့တွင် တစ်ချိန်က အဓိကအားထားခဲ့ရသည့် မြင်းလှည်းပို့ဆောင်ရေးလုပ်ငန်းမှာ အိုးဝေ၊ သုံးဘီးနှင့် ဆိုင်ကယ်များ အစားထိုးဝင်ရောက်လာခြင်း၊ မြို့တွင်းဝင်ရောက်ခွင့်နှင့် ကွန်ကရစ်လမ်းပေါ်မောင်းနှင်ခွင့် ကန့်သတ်ခံရခြင်းတို့ကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်လာနေပြီး၊ လက်ရှိတွင် မြင်းလှည်းသမားများမှာ ခရီးသည်မရှိတော့သဖြင့် ရှင်ပြုနားသပွဲများတွင် အလှစီးယာဉ်အဖြစ်သာ ငှားရမ်းလုပ်ကိုင်နေရကာ၊ နေပြည်တော်ရှိ ခရီးသွားဆွဲဆောင်မှုနေရာများနှင့် ဟိုတယ်ဇုန်များတွင် ပုဂံဒေသကဲ့သို့ မြင်းလှည်းများကို စနစ်တကျ ပြန်လည်အသုံးပြုခွင့်ပေးရန် ဒေသခံများက အကြံပြုထားကြသည်။
May 22 • 4:42 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 56 | 0 | 0 | 0 |


