မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာသွန်းမှုကြောင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်အနီး ကျီးကန်းပါးစပ်သွားရာလမ်းဘေးတွင် တောင်ကမ်းပါးယံ အနည်းငယ်ပြိုကျခဲ့ပြီး လမ်းပိတ်နေကြောင်း သိရသည်။မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်အနီး ကျီးကန်းပါးစပ်သွားရာလမ်းဘေးတွင် တောင်ကမ်းပါးယံအနည်းငယ်ပြိုကျခဲ့ပြီး လမ်းပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ရင်ပြင်တော်မီးသတ်စခန်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံဈေးသူဈေးသားများ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါတယ်။



