ကမ္ဘောဒီးယားနိုင်ငံ ဘန်တေးမိချေပြည်နယ်၊ ပွီပက်မြို့ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်သော ကီယတ် ဆီဟာ (Keat Seiha) သည် ၎င်းပိုင်ဆိုင်သည့် ဗီလာအိမ်ကြီးကို နိုင်ငံခြားသား ၁၃၀ ဦးခန့်ပါဝင်သည့် အွန်လိုင်းနည်းပညာလိမ်လည်မှု (Cyberfraud) ဂိုဏ်းထံ ငှားရမ်းခဲ့မှုကြောင့် ဥပဒေကြောင်းအရ စစ်ဆေးမေးမြန်းခြင်း ခံနေရသည်။ ပြီးခဲ့သည့် မေလ ၆ ရက်နေ့က အဆိုပါဗီလာအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အိမ်ပိုင်ရှင်မှာ ရာတနာရာမဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီး ဖြစ်နေကြောင်း စုံစမ်းသိရှိခဲ့ရခြင်း ဖြစ်သည်။ ဘုန်းတော်ကြီး ဆီဟာ၏ ထွက်ဆိုချက်အရ ၎င်းအနေဖြင့် မိဘများထံမှ အမွေရရှိထားသော အဆိုပါဗီလာအိမ်ကို ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးထံ အဆင့်ဆင့်ပြန်လည်ငှားရမ်းရန် (Sublet) အတွက်သာ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသော်လည်း ပြည်နယ်သာသနာရေးဦးစီးဌာနက အဆိုပါဖြစ်ရပ်ကို သာသနာရေးဝန်ကြီးဌာနထံ တင်ပြကာ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘောဒီးယားတွင် ကျားဖြန့်ဂိုဏ်းကို ဗီလာအိမ်ငှားရမ်းခဲ့သည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါး ဥပဒေကြောင်းအရ အရေးယူခံရမည့်အခြေအနေနှင့် ရင်ဆိုင်နေရ
May 21 • 2:56 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


