back

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် အပေါင်ဆိုင်ဖွင့်ထားသူ နှစ်ဦးက မြို့ခံများထံမှ ကျပ်သိန်း သောင်းချီ လိမ်လည်၍ ထွက်ပြေးသွား

May 21 • 2:55 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် အပေါင်ဆိုင်ဖွင့်ထားသူ နှစ်ဦးက မြို့ခံများထံမှ ကျပ်သိန်း သောင်းချီ လိမ်လည်၍ ထွက်ပြေးသွား

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် အပေါင်ဆိုင်ဖွင့်လှစ်ထားသည့် ကိုဇေနှင့် ကိုဘုဏ်း ဆိုသူ အမျိုးသားနှစ်ဦးသည် မြို့ခံအများအပြားထံမှ ငွေကျပ်သိန်းသောင်းချီ...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် အပေါင်ဆိုင်ဖွင့်လှစ်ထားသည့် ကိုဇေနှင့် ကိုဘုဏ်း ဆိုသူ အမျိုးသားနှစ်ဦးသည် မြို့ခံအများအပြားထံမှ ငွေကျပ်သိန်းသောင်းချီ လိမ်လည်ကာ ယခုလအစပိုင်းမှစ၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် အပေါင်ဆိုင်လုပ်ငန်းအပြင် လစဉ်စုငွေဒိုင်ပြုလုပ်ခြင်းနှင့် မြို့ခံများထံမှ အတိုးဖြင့် ငွေချေးယူခြင်းများကို လုပ်ကိုင်ခဲ့ပြီး၊ အလှူအတန်းများ ကြီးကြီးကျယ်ကျယ်ပြုလုပ်ကာ လူထုယုံကြည်အောင် လှည့်စားခဲ့ကြတာဖြစ်သည်။ လက်ရှိစာရင်းများအရ မြို့ခံကိုးဦးထံမှပင် ချေးငွေနှင့် စုငွေ စုစုပေါင်း ကျပ်သိန်းကိုးထောင်ကျော်နှင့် ထိုင်းဘတ်ငွေ ၂၉ သိန်းခန့် ပါရှိသွားပြီး၊ အခြားအသေးစားငွေကြေး ထည့်ဝင်ထားသူများနှင့်ပါပေါင်းလျှင် အနည်းဆုံး ကျပ်သိန်းနှစ်သောင်းခန့် ရှိနိုင်ကြောင်း သိရသည်။ ထွက်ပြေးသူနှစ်ဦးသည် သင်္ကြန်အပြီးတွင် ဆိုင်ရှိ အပေါင်ပစ္စည်းများကို လာရောက်ရောင်းချသွားခဲ့ပြီး၊ လက်ရှိတွင် ဖုန်းနှင့် လူမှုကွန်ရက်များအားလုံး ပိတ်ကာ ထိုင်းနိုင်ငံဘက်သို့ ရေလမ်းကြောင်းမှတစ်ဆင့် တိမ်းရှောင်သွားသည်ဟု ယူဆနေကြသည်။ ငွေကြေးလိမ်လည်ခံရသူများအနေဖြင့် ၎င်းတို့အား ဆက်သွယ်၍မရတော့သော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အမှုဖွင့်တိုင်ကြားခြင်း မရှိသေးကြောင်း သိရသည်။

news-view-count-icon

31