တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများဖြစ်ပွားခဲ့ရာ မေလ ၂၀ ရက်အထိ သေဆုံးသူ ၂၂ ဦးရှိလာပြီး ၂၀ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။ ကွမ့်ရှီးဒေသတွင် ဘတ်စ်ကားတစ်စီး မြစ်ထဲထိုးကျမှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး၊ ကွမ့်ကျိုးတွင် ၄ ဦးနှင့် ဟူပေပြည်နယ်တွင် ၃ ဦး အသီးသီး သေဆုံးခဲ့ကာ လမ်းတံတားများ ပျက်စီး၍ ဒေသအချို့နှင့် အဆက်အသွယ်ပြတ်တောက်လျက်ရှိသည်။ ရေဘေးကြောင့် လူပေါင်း ၂၄,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရပြီး အစိုးရက ကယ်ဆယ်ရေးအတွက် အရေးပေါ်ရန်ပုံငွေ ယွမ် သန်း ၁၂၀ (ကွမ့်ကျိုးအတွက် သီးသန့် ယွမ် သန်း ၃၀ အပါအဝင်) စိုက်ထုတ်ပေးထားသည်။ တရုတ်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါဒေသများတွင် နောက်ထပ်ရက်ပိုင်းအထိ မိုးဆက်လက်ရွာသွန်းနိုင်ခြေရှိကြောင်း သိရသည်။


May 21 • 2:11 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


