back

မြန်မာနိုင်ငံ၌ ကျောင်းသားများ မူးယစ်ဆေးဝါး မသုံးစွဲရေးနှင့် ကျောင်းအပ်နှံမှုဆိုင်ရာ လိုက်နာရန်အချက်များကို ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

May 21 • 1:38 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံ၌ ကျောင်းသားများ မူးယစ်ဆေးဝါး မသုံးစွဲရေးနှင့် ကျောင်းအပ်နှံမှုဆိုင်ရာ လိုက်နာရန်အချက်များကို ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

ပညာရေးဝန်ကြီးဌာနက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး၊ အရက်၊ ဘီယာ၊ E-စီးကရက် (Vape)၊ စီးကရက်နှင့် ကွမ်းယာများ မသုံးစွဲရေးကို မိဘ၊ အ...

ပညာရေးဝန်ကြီးဌာနက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး၊ အရက်၊ ဘီယာ၊ E-စီးကရက် (Vape)၊ စီးကရက်နှင့် ကွမ်းယာများ မသုံးစွဲရေးကို မိဘ၊ အုပ်ထိန်းသူများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းဆောင်ရွက်ကြရန် အသိပေးထုတ်ပြန်ထားသည်။ ထို့အပြင် ကျောင်းသားလူငယ်များအကြား ဂိမ်းစွဲလမ်းမှု ပပျောက်စေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲစေရေးအတွက် အသိပညာပေးရန်နှင့် နှာစေး၊ ချောင်းဆိုး၊ ဖျားနာပါက ကျောင်းမလာဘဲ ဆေးကုသမှုခံယူရန်လည်း တိုက်တွန်းထားသည်။ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသည့်အခါ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေးနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း သို့မဟုတ် လက်ခံခြင်း လုံးဝမပြုရန်လည်း တားမြစ်ထားသည်။ တစ်ဆက်တည်းမှာပင် အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ကျောင်းမှ ရောင်းချခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရသည်။ လာမည့်ပညာသင်နှစ်တွင် သူငယ်တန်း (KG) မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူအားလုံးအတွက် ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

news-view-count-icon

45