back

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ် (၁) တွင် မီးလောင်မှုဖြစ်ပွား

May 20 • 7:48 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ် (၁) တွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၁၂) ရပ်ကွက်၊ မြို့မကျောင်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ ဆေးတက္ကသိုလ် (၁) တွင် မေလ ၂၀ ရက် ယနေ့ မွန်းတည့် ၁...

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၁၂) ရပ်ကွက်၊ မြို့မကျောင်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ ဆေးတက္ကသိုလ် (၁) တွင် မေလ ၂၀ ရက် ယနေ့ မွန်းတည့် ၁၂ နာရီ ၅၅ မိနစ်အချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၄) စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ချက်ချင်းထွက်ခွာ၍ ငြှိမ်းသတ်ခြင်းလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၁ နာရီ ၀၆ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း (၁၁ မိနစ်ခန့်အတွင်း အမြန်ဆုံး ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း) သိရသည်။

news-view-count-icon

26