အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းကို ကျင်းပမည့် လွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးတွင် ဥပဒေအဖြစ်ပြဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက မေ ၁၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် အစဥ်အမြဲအားပေးထောက်ခံခဲ့ကာ မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက် ပထမဆုံးလာရောက်ကူညီထောက်ပံ့ပေးခဲ့သည်များကို ကျေးဇူးတင်အသိအမှတ်ပြုသည်ဟု ပြောသည်။
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းကို ဥပဒေအဖြစ်ပြဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီပြော
May 20 • 7:46 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 45 | 0 | 0 | 0 |


