back

ခေတ်နှင့်လျော်ညီသည့် ပင်လယ်ငါးလုပ်ငန်းဥပဒေသစ် ရေးဆွဲနေ

May 20 • 5:00 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ခေတ်နှင့်လျော်ညီသည့် ပင်လယ်ငါးလုပ်ငန်းဥပဒေသစ် ရေးဆွဲနေ

ပင်လယ်ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)ကို ရေးဆွဲလျက်ရှိကြောင်း စိုက်ပျိုးရေ...

ပင်လယ်ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)ကို ရေးဆွဲလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။“တည်ဆဲ ငါးလုပ်ငန်းဆိုင်ရာဥပဒေများသည် ပြောင်းလဲလာသော အခြေအနေများနှင့် ခေတ်ကာလအရ လျော်ညီမှုမရှိတော့ခြင်း၊ လက်တွေ့လုပ်ငန်းနယ်ပယ်နှင့် ကွာဟလာခြင်း၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လိုက်လျောညီထွေမှု အားနည်းလာခြင်းတို့ကြောင့် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)ကို ရေးဆွဲရခြင်းဖြစ်ကြောင်း” စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက ပြောကြားခဲ့သည်။ယင်းပြောကြားချက်ကို ယမန်နေ့က ကျင်းပသည့် ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသော ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

39