back

နည်းပြချုပ်သစ်နှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ ပထမဆုံးလေ့ကျင့်ရေးအစီအစဥ်စတင်

May 20 • 4:20 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နည်းပြချုပ်သစ်နှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ ပထမဆုံးလေ့ကျင့်ရေးအစီအစဥ်စတင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ နိုင်ငံတကာပြိုင် ပွဲများအတွက်ပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ Mr. ...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ နိုင်ငံတကာပြိုင် ပွဲများအတွက်ပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ Mr. Mitsuo Katoh ကို (၂)နှစ်စာချုပ်ဖြင့်ခန့် အပ်ခဲ့သည်။ထိုသို့ ခန့်အပ်ပြီးနောက် ယမန်နေ့ မေ ၁၉ ရက်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် နည်းပြချုပ်သစ်နှင့် ပထမဆုံးလေ့ကျင့်ရေးအစီအစဥ်ကို ပျော်ရွှင်စွာစတင်ခဲ့ကြသည်။မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အနီးကပ်ဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် AYA Bank Tri-Nations Cup (Women’s Friendly)ပြိုင်ပွဲအား ဇွန် ၃ ရက်ညနေ ၄ နာရီတွင် ဥဇဘတ်ကစ္စတန်အသင်း၊ ဇွန် ၉ ရက်ညနေ ၄ နာရီတွင် ထိုင်းအသင်းတို့နှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

news-view-count-icon

31