back

လိုင်စင်မရှိဘဲ Digital Bank အပါအဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ပါက အရေးယူမည်

May 20 • 4:18 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လိုင်စင်မရှိဘဲ Digital Bank အပါအဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ပါက အရေးယူမည်

ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်းဆောင်ရွက်ရန်လိုင်စင်ထုတ်ပေးထားခြင်းမရှိဘဲ Digital Bank အပါအဝင် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ပါက ပုဒ်မ ၁၇၁...

ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်းဆောင်ရွက်ရန်လိုင်စင်ထုတ်ပေးထားခြင်းမရှိဘဲ Digital Bank အပါအဝင် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ပါက ပုဒ်မ ၁၇၁ အရအရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကအသိပေးခဲ့သည်။ဗဟိုဘဏ်သည် ပြည်ထောင်စုလွှတ်တော်ကပြဌာန်းခဲ့သည့် ဗဟိုဘဏ်ဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အ စည်းများဥပဒေတို့ပါပြဋ္ဌာန်းချက်များနှင့်အညီဖွဲ့စည်းတည်ထောင်သည့် ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း လုပ်ကိုင်ခွင့်လက်မှတ်များထုတ်ပေးလျက်ရှိသည်။ထိုသို့ ထုတ်ပေးပြီးနောက် ယင်း အဖွဲ့အစည်းများအား စည်းမျဉ်းစည်းကမ်းချမှတ်၍ ကြပ်မတ်ကွပ်ကွဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသော ဘဏ်နှင့် ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအမည်စာရင်းကို ဗဟိုဘဏ်၏ Website www.cbm.gov.mm တွင် ထုတ်ပြန်ကြေညာထားသည်။

news-view-count-icon

29