back

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်မှ မီးလောင်ပျက်စီးနေအိမ်များ ဖျက်သိမ်းရှင်းလင်းမှု ပထမဦးစားပေးလုပ်ငန်းများပြီးစီး

May 20 • 3:38 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်မှ မီးလောင်ပျက်စီးနေအိမ်များ ဖျက်သိမ်းရှင်းလင်းမှု ပထမဦးစားပေးလုပ်ငန်းများပြီးစီး

စစ်ရေးပဋိပက္ခများကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ မီးလောင်ပျက်စီးနေအိမ်များကို ပြည်နယ်အစိုးရအဖွဲ့အစီအစဥ်၊ နေအိမ်ပိုင်ရှင်ကိုယ်တိုင်အစီအစဥ်တို့ဖြင့် ဖျက်သိ...

စစ်ရေးပဋိပက္ခများကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ မီးလောင်ပျက်စီးနေအိမ်များကို ပြည်နယ်အစိုးရအဖွဲ့အစီအစဥ်၊ နေအိမ်ပိုင်ရှင်ကိုယ်တိုင်အစီအစဥ်တို့ဖြင့် ဖျက်သိမ်းရှင်းလင်းခြင်းများကို မေ ၁၆ ရက်မှစတင်၍ဆောင်ရွက်လျက်ရှိသည်။ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မာန်အောင်လမ်းနှင့် ရတနာလမ်းတို့ရှိနေအိမ်များကို ပထမဦးစားပေးအစီအစဉ်ဖြင့် ဖျက်သိမ်းရှင်းလင်းခဲ့ရာ မေ ၁၈ ရက်နံနက် ၁၁ နာရီတွင် ပထမဦးစားပေးဖျက်သိမ်းရှင်းရေးလုပ်ငန်းများအားဆောင်ရွက်ပြီးစီးခဲ့သည်။ထိုသို့ ဖျက်သိမ်းရှင်းလင်းခြင်းများကို ပြည်နယ်အစိုးရ အဖွဲ့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဦးအောင်လွင်၊ ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများကကြည့်ရှုစစ် ဆေးခဲ့ကြသည်။

news-view-count-icon

25