back

ရန်ကုန်မြို့တွင် အချိန်ပြည့်နီးပါး လျှပ်စစ်မီးရရှိလာ

May 20 • 3:36 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင် အချိန်ပြည့်နီးပါး လျှပ်စစ်မီးရရှိလာ

ယခုရက်သတ္တပတ်အတွင်း ရန်ကုန်မြို့၌ လျှပ်စစ်မီးမပျက်သလောက်ဖြစ်သည်အထိ မီးရချိန် ပိုတိုးလာကာ အချိန်ပြည့်နီးပါး လျှပ်စစ်မီးရရှိလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။...

ယခုရက်သတ္တပတ်အတွင်း ရန်ကုန်မြို့၌ လျှပ်စစ်မီးမပျက်သလောက်ဖြစ်သည်အထိ မီးရချိန် ပိုတိုးလာကာ အချိန်ပြည့်နီးပါး လျှပ်စစ်မီးရရှိလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။“မီးမပြတ်တာကြာပြီ။ သူတို့ break downဖြစ်တဲ့ခဏပဲ ပြတ်တယ်။ ပြတ်ရင်လည်း ခဏပဲ။ ပြီးရင် ပြန်ပေးထားတယ်”ဟု သာကေတမြို့နယ်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။နွေရာသီကာလအတွင်း၌မူ အပူချိန်မြင့်တက်သည့်ကာလဖြစ်သည်နှင့်အညီ လျှပ်စစ်ဓာတ်အား အသုံးပြုမှုများခဲ့ခြင်းကြောင့် ဓာတ်အားမလုံလောက်မှုဖြစ်ပြီး လျှပ်စစ်မီးပုံမှန်ပေးနိုင်ရန် အခက်အခဲများရှိခဲ့သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။ယခုနောက်ပိုင်းတွင် အပူချိန်အနည်းငယ်လျော့ကျလာခြင်း၊ လျှပ်စစ်ဝန်အား သုံးစွဲမှု လျော့နည်းခြင်းတို့ကြောင့် ဓာတ်အား ဖြန့်ဝေမှုပိုင်းတွင် ရန်ကုန်မြို့၌ လိုင်းအပြစ်ဖြစ်သည်မှလွှဲ၍ ဓာတ်အားကို ပုံမှန်ပေးပို့လျက်ရှိသည်ဟုလည်း သိရသည်။

news-view-count-icon

28