တရုတ်နိုင်ငံ၏ ဂြိုဟ်တုဆက်သွယ်ရေးလမ်းညွှန်မှုလုပ်ငန်းကဏ္ဍကို ဆက်လက်တိုးချဲ့လျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် အဆိုပါကဏ္ဍ၏ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုးသည် ယခင်နှစ်ထက် ၉.၂၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ယွမ် ၆၂၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၉၁.၉ ဘီလျံခန့်) သို့ ရောက်ရှိခဲ့ကြောင်း တနင်္လာနေ့တွင် အသစ်ထုတ်ပြန်လိုက်သည့် စက္ကူဖြူစာတမ်း တစ်စောင်အရ သိရသည်။တရုတ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုလမ်းညွှန်စနစ်နှင့် တည်နေရာအခြေပြု ဝန်ဆောင်မှုများအသင်း (GLAC) က ထုတ်ပြန်သည့် အဆိုပါစာတမ်းတွင် ဖော်ပြချက်အရ ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံရှိ စမတ်ဖုန်းပေါင်း ၁.၄ ဘီလျံနီးပါး၌ BeiDou တည်နေရာပြစနစ်များကို တပ်ဆင်ထားပြီးဖြစ်ကြောင်းနှင့် အဆိုပါပမာဏမှာ တစ်နိုင်ငံလုံးရှိ လက်ကိုင်ဖုန်းအားလုံး၏ ၉၈ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။
May 19 • 5:15 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


