လူသားဝန်ထမ်းများ၏ အလုပ်တာဝန်များကို ညဏ်ရည်တု(AI) က လုပ်ဆောင်နိုင်သည်ဆိုသည့်တိုင် ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းများကို ရာထူးမှ ထုတ်ပယ်ခြင်း သို့မဟုတ် ၎င်းတို့၏ လစာကို လျှော့ချခြင်းများ မပြုရဟု တရုတ်နိုင်ငံ တရားရုံးတစ်ခုက ဆုံးဖြတ်ခဲ့သည်။ ဤအထင်ကရဆုံးဖြတ်ချက်သည် ကော်ပိုရေးရှင်းများစွာက ကုန်ကျစရိတ်လျှော့ချရန်နှင့် ဝန်ထမ်းဦးရေလျှော့ချရန် နည်းပညာကို လက်ခံကျင့်သုံးနေသည့် ကမ္ဘာလုံးဆိုင်ရာ AI အလိုအလျောက်စနစ် လှိုင်းလုံးကြီးရိုက်ခတ်နေချိန်တွင် သိသာထင်ရှားသော ဥပဒေရေးရာ အစဉ်အလာတစ်ခုကို ချမှတ်ပေးသည်။ ယင်းအမှုသည် ၂၀၂၂ ခုနှစ်တွင် နည်းပညာကုမ္ပဏီတစ်ခု၌ အရည်အသွေးထိန်းချုပ်မှု မန်နေဂျာအဖြစ် ဝင်ရောက်ခဲ့သော အမျိုးသားဝန်ထမ်းတစ်ဦးနှင့်ပတ်သက်သည့် အမှုဖြစ်သည်။ သူ၏ အဓိကတာဝန်သည် တရားမဝင်မှုနှင့် မူပိုင်ခွင့်ချိုးဖောက်သော အကြောင်းအရာများကို စိစစ်ရန်အတွက် AI က ထုတ်လုပ်သော ရလဒ်များကို စစ်ဆေးရန်ဖြစ်ပြီး လစာယွမ် ၂၅,၀၀၀(ဘတ် ၁၂၅,၀၀၀) ခန့် ရရှိသည်။ 
May 19 • 5:14 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


