ရခိုင်ပြည်သို့ မှောင်ခိုတင်ပို့တဲ့ ဘိလပ်မြေအိတ် ၂,၄၀၀ ကို ငါးဖမ်းလှေသုံးစင်း၊ လူ ၃၃ ဦးနဲ့ အတူ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်နဲ့ ရေတပ်တို့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ တက်နက်ဖ် ရှာပါရီ ဒွစ်ဆိပ်ကမ်းမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တာဝန်ရှိသူ က ဒီလိုဖမ်းဆီးမိတာကို အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒီဘိလပ်မြေတွေတင်လာတဲ့ စက်လှေ ၃ စီးကို စနေနေ့က စိန့်မာတင်ကျွန်းရဲ့ အနောက်တောင်ဘက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ငါးဖမ်းလှေသုံးစင်းကို ရှာဖွေပြီးနောက် တာကာ ၁ ဒသမ ၆၈ သန်းခန့်တန်ဖိုးရှိတဲ့ ဘိလပ်မြေအိတ် ၂,၄၀၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ သူက ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ ဘိလပ်မြေတွေနဲ့ တရားမဝင်မှောင်ခိုရောင်းဝယ်မှုအတွက် အသုံးပြုခဲ့တဲ့ စက်လှေ အပါအဝင် ဖမ်းဆီးထားသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ ကမ်းခြေစောင့်တပ်က ပြောကြားခဲ့ပါတယ်။ 
May 19 • 4:59 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 28 | 0 | 0 | 0 |


