back

ဂျပန်ရှိ ဒေသ ၁၀ ခုတွင် ဒေသတွင်းစီးပွားရေးများ မြှင့်တင်ရန် စက်မှုဇုန်အစုအဖွဲ့ (Industry Clusters) များ တည်ဆောက်မည်

May 19 • 4:06 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်ရှိ ဒေသ ၁၀ ခုတွင် ဒေသတွင်းစီးပွားရေးများ မြှင့်တင်ရန် စက်မှုဇုန်အစုအဖွဲ့ (Industry Clusters) များ တည်ဆောက်မည်

ဂျပန်အစိုးရသည် ပြည်တွင်းရှိ ဒေသ ၁၀ ခုတွင် ဆီမီးကွန်ဒတ်တာ (Semiconductors) နှင့် အစိမ်းရောင်စွမ်းအင် (Green Transformation) နည်းပညာများကို အခြေခံသည့် စက်မှုဇုန်အ...

ဂျပန်အစိုးရသည် ပြည်တွင်းရှိ ဒေသ ၁၀ ခုတွင် ဆီမီးကွန်ဒတ်တာ (Semiconductors) နှင့် အစိမ်းရောင်စွမ်းအင် (Green Transformation) နည်းပညာများကို အခြေခံသည့် စက်မှုဇုန်အစုအဖွဲ့ (Industry Clusters) များ တည်ဆောက်မည့် စီမံကိန်းမူကြမ်းတစ်ရပ်ကို ၂၀2၆ ခုနှစ် မေလ ၁၈ ရက်နေ့တွင် တင်ပြခဲ့ကြောင်း သတင်းများအရ သိရပြီး အဆိုပါအစီအစဉ်အရ TSMC နှင့် Rapidus စက်ရုံများရှိရာ ကျူရှူးနှင့် ဟော့ကိုင်းဒိုးဒေသများကို ဆီမီးကွန်ဒတ်တာ အချက်အချာဇုန်များအဖြစ်လည်းကောင်း၊ အခြားဒေသများကို လေကြောင်းပျံသန်းမှု၊ သင်္ဘောတည်ဆောက်ရေးနှင့် ဇီဝနည်းပညာဆိုင်ရာ ဗဟိုချက်များအဖြစ်လည်းကောင်း အသီးသီးခွဲဝေ သတ်မှတ်ထားကာ ယခုစီမံကိန်းသည် လာမည့်ဇွန်လတွင် အတည်ပြုမည့် "ဒေသတွင်းအနာဂတ်မဟာဗျူဟာ" ၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ဒေသအလိုက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများနှင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များကို တိုးမြှင့်ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

news-view-count-icon

10