မကွေးတိုင်းဒေသကြီးမှာ နေရပ်ရွှေ့ပြောင်းနေထိုင်သူတွေများလာပြီး အိမ်ခြံမြေဈေးနှုန်းတွေကလည်း မြင့်တက် လာတယ်လို့ မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက သိရပါတယ်။ လတ်တလောမှာ မကွေးတိုင်းအတွင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းပြီး အိမ်ရာစီမံကိန်းတွေ ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။မကွေးတိုင်းဟာ ပညာရေးကဏ္ဍနယ်ပယ်မှာ ပိုမိုဖွံ့ဖြိုးလာတဲ့အတွက် အဆောင်အငှားဈေးကွက်ကလည်း အားကောင်းတယ်လို့ ဦးသက်ဝင်းက သုံးသပ်ပြော ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံဖြစ်တဲ့ပဲနှမ်းမျိုးစုံ အဓိကထွက်ရှိတာကြောင့်ကောက်ပဲသီးနှံ ပွဲရုံတွေ အခြေစိုက်ရာ တိုင်းဒေသကြီးတစ်ခု ဖြစ်ပါတယ်။



