ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ တရုတ်ကျောင်းသူတစ်စုက ကျောင်းသူတစ်ယောက်ကို အုပ်စုဖွဲ့ပြီး ဝိုင်းဝန်းရိုက်နှက် အနိုင်ကျင့်ခဲ့တဲ့ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။“အမှတ် ၇ Guomin တရုတ်ကျောင်းမှာ ဖြစ်တာပါ။ ရပ်ကွက် ၂ အပြင်ဘက် ထင်တယ်” လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ရိုက်နှက်အနိုင်ကျင့်ခံခဲ့ရတဲ့ မိန်းကလေးဟာ မျက်နှာတပြင်လုံး ဖူးယောင်ဒဏ်ရာရထားပြီး စိတ်ဒဏ်ရာလည်း ခံစားနေရတာကြောင့် ကျောင်းဆက်တက်ဖို့ အခက်အခဲရှိနေတယ်လို့ သူက ပြောပါတယ်။ ဆေးကုသဖို့တောင် မဝံ့မရဲဖြစ်နေပြီး လက်ရှိမှာ နေအိမ်အတွင်းပဲ နေထိုင်နေတယ်လို့ ဆိုပါတယ်။လားရှိုးမြို့မှာ Guomin တရုတ်ကျောင်း၊ Sheng Guang တရုတ် အလယ်တန်း ကျောင်းအပါအဝင် တရုတ်စာသင်ကျောင်း အများအပြားရှိပါတယ်။ အခုဖြစ်စဉ်ဟာ သမီးရည်းစားကိစ္စနဲ့ စကားများရာကနေ စတင်ဖြစ်ပွားခဲ့တာလို့ သတင်းထွက်ပေါ်နေပေမယ့် အတိအကျကိုတော့ သီးခြားအတည်မပြုနိုင်သေးဘူးဟု သိရပါတယ်။
ရှမ်းပြည်နယ်၊လားရှိုးမြို့မှာ တရုတ်ကျောင်းသူများက အုပ်စုဖွဲ့ကာ ကျောင်းသူတယောက်ကို ဝိုင်းဝန်းရိုက်နှက် အနိုင်ကျင့်ခဲ့
May 19 • 2:35 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 60 | 0 | 0 | 0 |


