ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျားချောင်းကျေးရွာအနီးရှိ ခရိုင်ချင်းဆက်လမ်းတွင် မေလ ၁၈ ရက် ယနေ့ မွန်းလွဲ ၁ နာရီ ၂၆ မိနစ်အချိန်ခန့်က တောမီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ချက်ချင်းထွက်ခွာ၍ ငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၁ နာရီ ၄၂ မိနစ်အချိန်တွင် မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ မွန်းလွဲ ၁ နာရီ ၄၇ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
May 18 • 8:33 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 24 | 0 | 0 | 0 |


