မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်သို့ လေ့လာရေးခရီး သွားရောက်ကြမည့် အခြေခံလေကြောင်းလူငယ်သင်တန်းသားများကို မကွေးလေဆိပ်တွင် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ထိုသို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားလူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချကာ ကမ္ဘာပေါ်တွင် အရေးပါလာသည့် လေကြောင်းသိပ္ပံပညာရပ်များကို ကြိုးစားအားထုတ် လေ့လာသင်ယူသွားကြရန်နှင့် နောင်တစ်ခေတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်လာကြစေရန် တိုက်တွန်းမှာကြားခဲ့ပြီး၊ သင်တန်းသားတစ်ဦးချင်းစီထံ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ကာ နေပြည်တော်လေ့လာရေးခရီးစဉ်အတွက် နှုတ်ဆက် အားပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အခြေခံလေကြောင်းလူငယ်သင်တန်းသားများအား တွေ့ဆုံ၍ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်
May 18 • 6:56 AM
မြန်မာ
မကွေး
မျှဝေမည်
| 31 | 0 | 0 | 0 |


