back

ဆေးရုံတွင် အလုပ်ရ၍ နတ်ကွန်းရှေ့၌ ဆက်စီအကမယ်များဖြင့် ကပြပူဇော်ခဲ့သည့် ထိုင်းအမျိုးသမီး လူပြောများနေ

May 18 • 5:00 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဆေးရုံတွင် အလုပ်ရ၍ နတ်ကွန်းရှေ့၌ ဆက်စီအကမယ်များဖြင့် ကပြပူဇော်ခဲ့သည့် ထိုင်းအမျိုးသမီး လူပြောများနေ

ထိုင်းနိုင်ငံအရှေ့ပိုင်း ချာချိုအင်ဆောင် (Chachoengsao) ပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် ဆေးရုံတစ်ခုတွင် အလုပ်အကိုင်သစ် ရရှိခဲ့ခြင်းအတွက် ဒေသတွင်းရှိ နတ်ကွန်းတစ်ခု၌...

ထိုင်းနိုင်ငံအရှေ့ပိုင်း ချာချိုအင်ဆောင် (Chachoengsao) ပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် ဆေးရုံတစ်ခုတွင် အလုပ်အကိုင်သစ် ရရှိခဲ့ခြင်းအတွက် ဒေသတွင်းရှိ နတ်ကွန်းတစ်ခု၌ ဆက်စီအကမယ်များနှင့် အသံချဲ့စက်ကားများ ငှားရမ်းကာ စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေပူဇော်ခဲ့သဖြင့် ထိုင်းလူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေပန်းစားလျက်ရှိသည်။ အဆိုပါ ထူးထူးခြားခြား အုန်းအုန်းကျွက်ကျွက် ဖျော်ဖြေပူဇော်နေသည့် ဗီဒီယိုဖိုင်များသည် မေလ ၁၆ ရက်နေ့တွင် အွန်လိုင်းပေါ်၌ ပျံ့နှံ့သွားခဲ့ပြီး အင်တာနက်အသုံးပြုသူများအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ယခင်က အလုပ်လက်မဲ့ဖြစ်နေသည့် အဆိုပါအမျိုးသမီးသည် ဆေးရုံတွင် အလုပ်လျှောက်ထားစဉ်က အကယ်၍ အလုပ်ရရှိခဲ့ပါက ယခုကဲ့သို့ ပြုလုပ်ပေးပါမည်ဟု နတ်ကွန်းတွင် အဓိဋ္ဌာန်ပြု ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ အလုပ်ရရှိပြီဖြစ်ကြောင်း သိရှိရပြီးနောက် ၎င်းသည် နတ်ကွန်းသို့ ပြန်လည်လာရောက်ကာ ဝက်ခေါင်း၊ ကြက်ပြုတ် စသည့် ပူဇော်သက္ကာရများနှင့်အတူ ဆက်စီအကမယ်များကို ၄ နာရီကြာ ကပြဖျော်ဖြေစေခြင်းဖြင့် ၎င်း၏ ဆုတောင်းပြည့် ကတိသစ္စာ (အမန္တစကား) ကို အောင်မြင်စွာ လာရောက်ဖြည့်ဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

23