ဘာစီလိုနာအသင်းသည် မနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါအိမ်ကွင်းပွဲစဉ်တွင် ရီးယဲလ်ဗက်တစ်အသင်းကို ၃ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ယခုရာသီ လာလီဂါအိမ်ကွင်း ၁၉ ပွဲစလုံးကို ရာနှုန်းပြည့်အနိုင်ရရှိကာ စံချိန်သစ်တင်နိုင်ခဲ့သည်။ ယင်းစွမ်းဆောင်မှုကြောင့် လာလီဂါပြိုင်ပွဲတွင် အသင်း ၂၀ ဖြင့် ပြောင်းလဲကျင်းပခဲ့သည့် ၁၉၉၇-၉၈ ရာသီနောက်ပိုင်း တစ်ရာသီအတွင်း အိမ်ကွင်းပွဲစဉ်အားလုံး (၁၉ ပွဲစလုံး) အနိုင်ရရှိသည့် ပထမဆုံးအသင်းအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။ဘာစီလိုနာအသင်းသည် ပြိုင်ပွဲဝင် ၁၆ သင်းသာရှိခဲ့သည့် ၁၉覆၉-၆၀ ရာသီတုန်းကလည်း အိမ်ကွင်း ၁၅ ပွဲစလုံး အနိုင်ရရှိခဲ့ဖူးပြီး၊ ယခုစံချိန်မှာ ၁၉၈၅-၈၆ ရာသီ (ပြိုင်ပွဲဝင် ၁၈ သင်းစနစ်) တုန်းက ရီးယဲလ်မက်ဒရစ်အသင်း အိမ်ကွင်း ၁၇ ပွဲစလုံး အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်စွမ်းဆောင်နိုင်ခြင်းလည်း ဖြစ်သည်
May 18 • 4:58 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 37 | 0 | 0 | 0 |


