back

ဘန်ကောက်ယာဉ်တိုက်မှုတွင်ဘတ်စ်ကားနှင့်ရထားယာဉ်မောင်းနှစ်ဦးစလုံးကိုအမှုဖွင့်

May 18 • 4:36 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်ယာဉ်တိုက်မှုတွင်ဘတ်စ်ကားနှင့်ရထားယာဉ်မောင်းနှစ်ဦးစလုံးကိုအမှုဖွင့်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စနေနေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ဘတ်စ်ကားနှင့် ကုန်တင်ရထားတိုက်မိမှုတွင် သက်ဆိုင်ရာယာဉ်မောင်းနှစ်ဦးစလုံးကို ပေါ့ဆစွာမောင်းနှင့်မ...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စနေနေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ဘတ်စ်ကားနှင့် ကုန်တင်ရထားတိုက်မိမှုတွင် သက်ဆိုင်ရာယာဉ်မောင်းနှစ်ဦးစလုံးကို ပေါ့ဆစွာမောင်းနှင့်မှုကြောင့် လူ‌ေသဆုံးစေမှုဖြင့် ဘန်ကောက်ရဲတပ်ဖွဲ့က အမှုဖွင့်စွဲဆိုခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၆ နှစ်အရွယ် အမှတ် ၂၀၆ ဘတ်စ် ယာဉ်မောင်းနှင့် ကုန်တင်ရထားအမှတ် ၂၁၂၆ ၏ အသက် ၅၆ နှစ်အရွယ် ယာဉ်မောင်းတို့ကို တရားစွဲဆိုခဲ့သည်။ စနေနေ့ ညနေ ၃း၄၁ မိနစ်အချိန်က Huai Khwang ခရိုင် Asok-Din Daeng လမ်းပေါ်ရှိ ရထားနှင့် ကားလမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ မီးပွိုင့်တွင် ယာဉ်တန်းတစ်ခု၏ အစိတ်အပိုင်းဖြစ်သော ရထားလမ်းပေါ်တွင် ရပ်တန့်နေသည့် ခရီးသည်တင်ဘတ်စ်ကားကို ကုန်တင်ရထားက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် ဘတ်စ်ကားသည်မီးလောင်ကာ လူ ၈ ဦး ‌ေသဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သကဲ့သို့ အခြားယာဉ်များစွာလည်း ပျက်စီးခဲ့သည်။ 

news-view-count-icon

29