မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) က ကြီးမှူး၍ မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်မည့် အမျိုးသမီးဘောလုံး အကယ်ဒမီ (Women's Academy) အတွက် မန္တလေးဇုန်အပြီးသတ်လူရွေးချယ်ပွဲကို ယနေ့ မေလ (၁၇) ရက် နံနက်ပိုင်းမှ စတင်ကာ မန္တလေးမြို့ရှိ အမျိုးသားဘောလုံးအကယ်ဒမီ ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ အမျိုးသမီးအကယ်ဒမီအတွက် လူရွေးချယ်ပွဲများကို ဇုန် (၂) ဇုန်ခွဲ၍ ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်ဇုန်အတွက်အပြီးသတ်ရွေးချယ်မှုကို မေလ (၁၁) ရက်က ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ကာ ယခုအခါ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် ကလောမြို့များမှ ပဏာမရွေးချယ်ခြင်းခံထားရသည့် အရည်အချင်းရှိ အမျိုးသမီးမျိုးဆက်သစ် ကစားသမားများအား အကယ်ဒမီသင်တန်းသူအဖြစ် တက်ရောက်နိုင်ရန်အတွက် အပြီးသတ်စိစစ်ရွေးချယ်ခြင်းဖြစ်သည်။
May 18 • 4:34 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 27 | 0 | 0 | 0 |


