back

ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့တွင် မာဆီးဒီးစ် (Mercedes-Benz) ဇိမ်ခံကားတစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွား

May 18 • 3:42 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့တွင် မာဆီးဒီးစ် (Mercedes-Benz) ဇိမ်ခံကားတစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွား

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်၊ ဆန်းသုခ် (Sen Sok) ခရိုင်၊ အိုဘက်ကွန် (Obeak Kam) ရပ်ကွက်ရှိ လမ်းမတစ်ခုပေါ်တွင် မော်ဒယ်မြင့် Mercedes-Benz (အဖြူရောင်) ...

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်၊ ဆန်းသုခ် (Sen Sok) ခရိုင်၊ အိုဘက်ကွန် (Obeak Kam) ရပ်ကွက်ရှိ လမ်းမတစ်ခုပေါ်တွင် မော်ဒယ်မြင့် Mercedes-Benz (အဖြူရောင်) ဇိမ်ခံမော်တော်ယာဉ်တစ်စီး ရုတ်တရက် မီးလောင်ကျွမ်းပျက်စီးသွားခဲ့ကြောင်း ၂၀၂၆ ခုနှစ် မေလ ၁၆ ရက်နေ့ သတင်းများအရ သိရပြီး အဆိုပါဖြစ်စဉ်သည် မေလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်က ဖနွမ်းပင်မြို့ ပိုလိုးတံတား (Balley Bridge) အနီး လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကားမောင်းနှင်နေစဉ် စက်ဖုံးအတွင်းမှ မီးခိုးများ အလိပ်လိုက်ထွက်လာပြီးနောက် အရှိန်ပြင်းစွာဖြင့် တစ်စီးလုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရကာ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး ကားတစ်စီးလုံး ပျက်စီးသွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် လူထိခိုက်ဒဏ်ရာရမှုနှင့် အသက်အန္တရာယ် ဆုံးရှုံးမှု မရှိခဲ့ကြောင်းနှင့် ကနဦးစုံစမ်းချက်များအရ ကား၏ လျှပ်စစ်ဝိုင်ယာကြိုးများ ရှော့ခ်ဖြစ်ရာမှ (Faulty electrical system) မီးစတင်လောင်ကျွမ်းရခြင်းဖြစ်ကြောင်း သိရပါသည်။

news-view-count-icon

14