ဧရာဝတီတိုင်း၊ဟင်္သာတမြို့၌ လူဦးရေအများအပြားလာရောက်သည့်ဟိန္ဒူဘာသာရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။။ အဆိုပါပွဲတော်ကို ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ စရီပသ်ရဲ ကာလီယမ္မာန်မယ်တော်ကြီးဘုရားကျောင်း၌ မေလ (၁၅)ရက် နေ့မှစ၍ ယမန်နေ့ မေလ (၁၇)ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခြင်းဖြစ်သည်။ပွဲတော်အစ ပထမနေ့၌ မီးဟုမ်းပူဇော်ပွဲ၊ သာသနာ့အလံတင်အခမ်းအနား၊ မဟာလက်ချမီးဆီမီးပူဇော်ပွဲ၊ ဒုတိယနေ့၌ စရီပသ်ရဲ ကာလီယမ္မာန်မယ်တော်ကြီး ဟင်္သာတမြို့တွင်း အပူဇော်ခံလှည့်လည်ပွဲ၊ တတိယနေ့၌ မီးနင်းပွဲတော်တို့ကို ကျင်းပခဲ့ပြီး ပွဲတော်သို့လာရောက်သူများစည်ကားခဲ့သည်။
May 18 • 3:12 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 22 | 0 | 0 | 0 |


