ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ ဂေါ်ဖီထုပ်စိုက်ခင်းများနှင့် ပျိုးခင်းများတွင် လတ်တလော မီးပိုးကောင်များ အများအပြား ကျရောက်ဖျက်ဆီးနေသဖြင့် စိုက်ခင်းအများအပြား ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ အဆိုပါမီးပိုးကောင်များသည် ဂေါ်ဖီထုပ်အရွက်များ၊ အညွန့်များနှင့် ပျိုးပင်များကို ကိုက်စားဖျက်ဆီးနေခြင်းကြောင့် အပင်ကြီးထွားမှုကို ထိခိုက်စေပြီး ပျိုးပင်အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရသည်။ ယခုနှစ်တွင် ပိုးမွှားကျရောက်မှုမှာ ယခင်နှစ်များထက် ပိုမိုဆိုးရွားလာသဖြင့် အချိန်မီမနှိမ်နင်းနိုင်ပါက လာမည့်ဂေါ်ဖီထုပ်အထွက်နှုန်းကို အကြီးအကျယ် ထိခိုက်နိုင်ကြောင်း တောင်သူများက စိုးရိမ်နေကြသည်။ လက်ရှိတွင် ဒေသခံများအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် နှိမ်နင်းနေသော်လည်း ထိရောက်မှုနည်းပါးနေသောကြောင့် သက်ဆိုင်ရာစိုက်ပျိုးရေးဌာနများမှ ပိုးမွှားနှိမ်နင်းရေးဆိုင်ရာ နည်းပညာအကူအညီများ လာရောက်ပံ့ပိုးပေးရန် တောင်းဆိုထားကြကြောင်း သိရှိရပါသည်။
ပင်းတယမြို့နယ်တွင် ဂေါ်ဖီထုပ်စိုက်ခင်းနှင့် ပျိုးခင်းများအတွင်း မီးပိုးကောင်များ ကျရောက်သောင်းကျန်းသဖြင့် ခြံများစွာ ပျက်စီး
May 17 • 4:56 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 37 | 0 | 0 | 0 |


