ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိသည့် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၃) နိုင်ငံ ခြေစမ်းပြိုင်ပွဲအတွက် မေလ ၁၁ ရက်ကတည်းက စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ကိုင်တွယ်နေသည့် မြန်မာအသင်းတွင် လက်ရှိ၌ ပဏာမကစားသမား ၂၀ ကျော် ရွေးချယ်ထားသည်။ အဆိုပါပြိုင်ပွဲကို အိမ်ရှင်ဖိလစ်ပိုင်၊ မြန်မာနှင့် ဂူအမ်အသင်းတို့ဖြင့် ဇွန်လ ၃ ရက်မှ ၉ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ရီဇယ်မီမိုရီရယ်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး၊ မြန်မာအသင်းသည် ဇွန်လ ၆ ရက်တွင် ဂူအမ်အသင်းနှင့်လည်းကောင်း၊ ဇွန်လ ၉ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာနှင့် ဖိလစ်ပိုင်အသင်းတို့သည် ယခုနှစ်အတွင်း အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲနှင့် ဖီဖာအာဆီယံဖလားပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေကြောင်း သိရှိရပါသည်။
(၃) နိုင်ငံခြေစမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်မှုများစတင်၊ ပဏာမကစားသမား ၂၀ ကျော် ရွေးချယ်ထား
May 17 • 4:55 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


