ဘိုင်ယန်မြူးနစ်အသင်းဟာ အသက် ၄၀ ရှိပြီဖြစ်တဲ့ ဝါရင့်ဂိုးသမား နော်ယာကို ၂၀၂၇ ခုနှစ်အထိ တစ်နှစ် စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။နော်ယာဟာ ဘိုင်ယန်အသင်းနဲ့အတူ ၁၅ ရာသီအတွင်း ဘွန်ဒစ်လီဂါချန်ပီယံဆုကို ၁၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့တာပါ။ဒါပေမဲ့ ယနေ့ကစားမယ့် ကိုလုံးအသင်းနဲ့ ရာသီပိတ်ပွဲမှာတော့ နော်ယာကို အရန်ခုံမှာပဲ ထားဖို့များပါတယ်။ဘိုင်ယန်အသင်းနည်းပြ ကွန်ပနီဟာ အသင်းအနာဂတ်အတွက် ၂၂ နှစ်အရွယ်ဂိုးသမား အူဘစ်ကို ဘွန်ဒစ်လီဂါ လေးပွဲဆက်တိုက်ပွဲထွက်ခွင့်ပေးခဲ့တာဖြစ်တယ်။၂၀၁၁ ခုနှစ်မှာ ရှော်လ်ကေးကနေ ဘိုင်ယန်ကို ရောက်လာတဲ့ နော်ယာဟာ အခုရာသီမှာ ဘွန်ဒစ်လီဂါ ၂၁ ပွဲနဲ့ ချန်ပီယံလိဂ် ၁၁ ပွဲ ပွဲထွက်ကစားခွင့် ရခဲ့ပါတယ်။၎င်းဟာ ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ၅၉၇ ပွဲ ကစားထားပြီးဖြစ်ပါတယ်။ဘိုင်ယန်အသင်းဟာ အရန်ဂိုးသမားတစ်ဦးဖြစ်တဲ့ အူလ်ရစ်ချ်ကိုလည်း ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးခဲ့ပါတယ်။



