ကယားပြည်နယ်၊(ကရင်နီ)ပြည်နယ်အတွင်း ယခုနှစ် မိုးဦးကျစိုက်ပျိုးရေးရာသီ စတင်ချိန်တွင် ဓာတ်မြေသြဇာနှင့် သီးနှံမျိုးစေ့ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရေးစရိတ် ပိုမိုကုန်ကျ၍ အခက်ကြုံတွေ့နေရကြောင်း တောင်သူများက ပြောသည်။ ထို့အပြင် ဒီးမော့ဆို အနောက်ခြမ်းတွင် စိုက်ပျိုးမှုများသည့် ပြောင်းမျိုးစေ့ စျေးနှုန်းမှာ လည်း C.P 808 အမျိုးအစား တစ်ဧကစာ ၁၆၅,၀၀၀ ကျပ် နှင့် N.K 625 ပြောင်းမျိုးစေ့ တစ်ဧက စာလျှင် ၂ သိန်းကျော်အထိ ပေါက်စျေးရှိသည်။



