back

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ လက်တွေ့စစ်ဆေးမှု ယနေ့စတင်

May 16 • 9:15 AM

breaking-news

မြန်မာ

မန္တလေး

cover

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ လက်တွေ့စစ်ဆေးမှု ယနေ့စတင်

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ အပြီးသတ်လက်တွေ့စစ်ဆေးရွေးချယ်မှုကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက အမျိုးသားဘောလုံးအကယ်ဒမီ (မန...

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ အပြီးသတ်လက်တွေ့စစ်ဆေးရွေးချယ်မှုကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး) ၌ ပြုလုပ်ခဲ့သည်။အဆိုပါ ရွေးချယ်မှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူး၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ပြုလုပ်ခြင်းဖြစ်ကာ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် ကလောမြို့များမှ ပဏာမရွေးချယ်ခံထားရသည့် မျိုးဆက်သစ် လူငယ်ကစားသမားများ လာရောက်ရွေးချယ်ခံခဲ့ကြသည်။မနက်ဖြန် မေ ၁၇ ရက်တွင်လည်း သင်တန်းသားသစ်ရွေးချယ်ပွဲကိုဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရို-က်တာ မစ္စတာ မိတနှင့် နည်းပြအဖွဲ့ဝင်များက လူငယ်များ၏ ဘောလုံးကျွမ်းကျင်မှု၊ ကြံ့ခိုင်မှုနှင့် နည်းဗျူဟာနားလည်မှုတို့ကို သေချာစွာစိစစ်အကဲဖြတ်ရွေးချယ်လျက်ရှိသည်။

news-view-count-icon

31