ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၊ မိယာဂိခရိုင်ရှိ အိုနာဂါဝါ နျူကလီးယားစွမ်းအင်စက်ရုံ၏ တာဘိုင်အဆောက်အအုံအတွင်း ရေဒီယိုသတ္တိကြွ ရေနွေးငွေ့များ တွေ့ရှိရသဖြင့် ၎င်းစက်ရုံ၏ အမှတ် (၂) ဓါတ်ပေါင်းဖိုကို ရပ်တန့်သွားမည်ဖြစ်ကြောင်း စက်ရုံလည်ပတ်ရေးအဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၅:၁၀ နာရီခန့်တွင် အမှတ် (၂) ဓါတ်ပေါင်းဖို၏ တာဘိုင်အဆောက်အအုံအတွင်း ရေဒီယိုသတ္တိကြွ ရေနွေးငွေ့ အနည်းငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Tohoku Electric Power ကုမ္ပဏီက ဆိုသည်။ သို့သော် အဆိုပါ ရေဒီယိုသတ္တိကြွပစ္စည်းများသည် ပတ်ဝန်းကျင်သို့ ယိုစိမ့်ထွက်သွားခြင်း မရှိကြောင်းနှင့် စစ်ဆေးမှုများ ပြုလုပ်ရန်အတွက်သာ လုပ်ငန်းရပ်တန့်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဖြည့်စွက်ပြောကြားခဲ့သည်။
May 16 • 9:14 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


