back

အေးသာယာတွင် လျှပ်စစ်မီတာ အများအပြား ဖြုတ်သိမ်းခံရ

May 15 • 2:12 PM

breaking-news

မြန်မာ

ရှမ်း

cover

အေးသာယာတွင် လျှပ်စစ်မီတာ အများအပြား ဖြုတ်သိမ်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လျှပ်စစ် မီတာ အများအပြား စည်းကမ်းချက်နှင့် မညီဟု ဆိုကာ ဖြုတ်သိမ်းခံခဲ့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လျှပ်စစ် မီတာ အများအပြား စည်းကမ်းချက်နှင့် မညီဟု ဆိုကာ ဖြုတ်သိမ်းခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ယင်းကဲ့သို့ မီတာ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ သိမ်းဆည်းခံရသူများက ယမန်နေ့ မေလ ၁၄ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံသို့လည်း တင်ပြ တိုင်ကြားထားကြောင်း သိရသည်။ထို့အပြင် လိပ်စာ၊ အမည်ပေါက် မှန်ကန်သော်လည်း အသုံးပြုမှု မရှိ၊ ယူနစ် မတက်သည့် မီတာများကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း အခြား ဒေသခံတစ်ဦးက ပြောသည်။

.ယင်းကဲ့သို့ မီတာကို နေရာပြောင်းရွှေ့ တပ်ဆင်ထားသဖြင့် မီတာဖတ် စာရေးက သတ်မှတ်နေရာတွင် မီတာ မတွေ့ရှိပါက ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းရပြီး သုံးစွဲသူ အနေဖြင့် ဥပဒေအရ အရေးယူ ခံရမည်ဖြစ်သည့် အတွက် နစ်နာမှု မရှိစေရန် လိပ်စာ ပြောင်းရွှေ့ထားသော မီတာများကို ပြီးခဲ့သည့် မတ်လကုန်အပြီး အကြောင်းကြား အပ်နှံရန် သတိပေးစာများ ပေးပို့ခဲ့ပြီး လိုက်နာခြင်း မရှိသည့်အတွက် မီတာ ဖြုတ်သိမ်း ရခြင်း ဖြစ်ကြောင်းကိုလည်း ၎င်းက ပြောသည်။

ထို့အပြင် ယူနစ် မတက်သော မီတာများကို သိမ်းဆည်းခြင်းမှာလည်း လျှပ်စစ်ဥပဒေအရ မီတာကို အသုံး မပြုပါက ပြန်လည် အပ်နှံရမည် ဖြစ်ပြီး လုပ်ငန်း ပြန်လည် လည်ပတ် အသုံးပြုမှသာ မီတာ ပြန်လည် လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် လတ်တလော အေးသာယာစက်မှုဇုန်တွင် စည်းကမ်းချက်နှင့် မညီ၍ ဖြုတ်သိမ်းရသည့် ပါဝါမီတာ အလုံး ၃၀၊ အိမ်သုံးမီတာ ၁၅ လုံး၊ စုစုပေါင်း ၄၅ လုံး ရှိပြီ ဖြစ်ကြောင်း ၎င်း ထံက သိရသည်။




news-view-count-icon

24