back

မန္တလေး - မြစ်ကြီးနား ဗျူဟာလမ်းမကြီးတွေက သွားလို့ အဆင်မပြေသေးတဲ့အတွက် ကားတွေပိတ်မိနေသလို ကွင်းလမ်းက သွားနေရဆဲ

May 15 • 12:39 PM

breaking-news

မြန်မာ

ကချင်

cover

မန္တလေး - မြစ်ကြီးနား ဗျူဟာလမ်းမကြီးတွေက သွားလို့ အဆင်မပြေသေးတဲ့အတွက် ကားတွေပိတ်မိနေသလို ကွင်းလမ်းက သွားနေရဆဲ

မန္တလေး -ထီးချိုင့် - မြစ်ကြီးနား ဆက်သွယ်ရေးလမ်းမကြီးမှာ ပိတ်လိုက်ဖွင့်လိုက် အခြေအနေရှိတဲ့အပြင် ဇက်ကူးလမ်းလည်း ပိတ်ထားတာကြောင့် လက်ရှိမှာ အတက်အဆင်း ကားရာနဲ့ချီပ...

မန္တလေး -ထီးချိုင့် - မြစ်ကြီးနား ဆက်သွယ်ရေးလမ်းမကြီးမှာ ပိတ်လိုက်ဖွင့်လိုက် အခြေအနေရှိတဲ့အပြင် ဇက်ကူးလမ်းလည်း ပိတ်ထားတာကြောင့် လက်ရှိမှာ အတက်အဆင်း ကားရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ မကြာသေတဲ့အချိန်က အစိုးရတပ်က ပြန်သိမ်းလိုက်ပြီး သွားလာခွင့်ဖွင့်ပေးထားတဲ့ မန္တလေး-မတ္တရာ-သပိတ်ကျင်း-တကောင်း-ထီးချိုင့်-ကသာ-အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းမကြီးပေါ်က အဓိကအရေးပါတဲ့ ထီးချိုင့်တံတားကို အစိုးရတပ်က ပိတ်လိုက် ဖွင့်လိုက် အခြေအနေတွေကြောင့် ကားတွေပိတ်မိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ မနေ့က ညနေပိုင်းမှာ ထီးချိုင့် နဲ့ ကသာအကြားက ရင်ကွဲတောင်လမ်းမှာ ဒရုန်းဗုံး​တိုက်ခိုက်ခံခဲ့ရပြီးနောက် ထီးချိုင့်တံတား ပြန်ပိတ်သွားတာ ဖြစ်တယ်လို့ ကားသမားတွေပြောပြချက်အရ သိရပါတယ် ။ ဒါ့အပြင် အင်းဇက်ကူးဆိပ်လမ်းလည်း လက်ရှိမှာ ပိတ်ထားတဲ့အတွက် အတက်အဆင်း ကားအားလုံး ပိတ်မိနေတယ်လို့ သိရပါတယ်။ 








news-view-count-icon

23