back

နယူးယောက်ရှိ တရုတ်လျှို့ဝှက်ရဲစခန်းတွင် စပိုင်လုပ်ပေးသည့် အမေရိကန်နိုင်ငံသားတစ်ဦးကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်

May 15 • 4:58 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

နယူးယောက်ရှိ တရုတ်လျှို့ဝှက်ရဲစခန်းတွင် စပိုင်လုပ်ပေးသည့် အမေရိကန်နိုင်ငံသားတစ်ဦးကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်

နယူးယောက်မြို့၊ မန်ဟက်တန်တရုတ်တန်းတွင် တရုတ်အစိုးရကိုယ်စား လျှို့ဝှက်ဖွင့်လှစ်ထားသည့် တရားမဝင်ရဲစခန်းတစ်ခုအား ကူညီလည်ပတ်ပေးခဲ့သည့် အသက် ၆၄ နှစ်အရွယ် အမေရိကန်နို...

နယူးယောက်မြို့၊ မန်ဟက်တန်တရုတ်တန်းတွင် တရုတ်အစိုးရကိုယ်စား လျှို့ဝှက်ဖွင့်လှစ်ထားသည့် တရားမဝင်ရဲစခန်းတစ်ခုအား ကူညီလည်ပတ်ပေးခဲ့သည့် အသက် ၆၄ နှစ်အရွယ် အမေရိကန်နိုင်ငံသား လူကျန်ဝမ်း (ခေါ်) ဟယ်ရီလူ သည် တရုတ်အေးဂျင့်အဖြစ် လုပ်ကိုင်မှု၊ တရားရေးလုပ်ငန်းကို တားဆီးပိတ်ဆို့မှုတို့ဖြင့် အပြစ်ရှိကြောင်း နယူးယောက်ဖက်ဒရယ်တရားရုံး ဂျူရီလူကြီးအဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပါသည်။ ၎င်းသည် ၂၀၂၂ ခုနှစ်အတွင်းက တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအတွက် အဆိုပါစခန်းကို ဖွင့်လှစ်ပေးခဲ့ပြီး အထောက်အထားများ ဖျက်ဆီးခဲ့ခြင်းကြောင့် အမြင့်ဆုံးထောင်ဒဏ် နှစ် ၃၀ အထိ ကျခံရနိုင်ကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၅၀ ကျော်တွင် တရုတ်အစိုးရက အလားတူ လျှို့ဝှက်စခန်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ကာ ပြည်ပရောက် တရုတ်နိုင်ငံသားများကို စောင့်ကြည့်ခြိမ်းခြောက်ရန် အသုံးပြုနေသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက စွပ်စွဲထားသော်လည်း တရုတ်ဘက်ကမူ ယင်းတို့မှာ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုပေးသည့် စင်တာများသာဖြစ်ကြောင်း ငြင်းဆိုထားပါသည်။

news-view-count-icon

0