back

သေဒဏ်အထိချမှတ်နိုင်တဲ့ ကျားဖြန့်ဥပဒေကြမ်း အစိုးရ ထုတ်ပြန်

May 15 • 4:56 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သေဒဏ်အထိချမှတ်နိုင်တဲ့ ကျားဖြန့်ဥပဒေကြမ်း အစိုးရ ထုတ်ပြန်

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို နှိမ်နင်းရန်အတွက် သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော "အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း" ကိ...

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို နှိမ်နင်းရန်အတွက် သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော "အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း" ကို အစိုးရက ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဥပဒေကြမ်းအရ အွန်လိုင်းလိမ်လည်မှုကျူးလွန်ရန် တစ်ဦးတစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် သေဆုံးစေခြင်းများ ပြုလုပ်ပါက သေဒဏ် သို့မဟုတ် ထောင်ဒဏ်တစ်သက် ချမှတ်နိုင်သလို၊ ဘဏ်အကောင့်နှင့် ဆင်းကတ်များ ငှားရမ်းရောင်းချသူများကိုလည်း ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်ရန် ပြဋ္ဌာန်းထားပါသည်။ တစ်ဘက်တွင်လည်း ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူများက ဤဥပဒေကြမ်းသည် အင်တာနက်သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို ပိုမိုတင်းကြပ်စွာ စောင့်ကြည့်ရန်နှင့် လုံခြုံရေးအကြောင်းပြ၍ ဒေတာများရယူရန် ရည်ရွယ်နေသဖြင့် စိုးရိမ်စရာဖြစ်ကြောင်း သုံးသပ်ထောက်ပြထားကြပါသည်။

news-view-count-icon

78