ကရင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် နည်းပညာ၊ ဈေးကွက်နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များကို ကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း ကရင်ပြည်နယ်ဒေသဆိုင်ရာ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယကဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောကြားခဲ့သည်။ယင်းပြောကြားချက်ကို မေ ၁၃ ရက်က ကျင်းပသည့် ကရင်ပြည်နယ်ဒေသဆိုင်ရာ MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ (၂/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း MSME လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးလက်စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ကာ ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အဓိကထား ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
ကရင်ပြည်နယ်ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာများ ပံ့ပိုးပေးနေဟု ပြည်နယ်ဝန်ကြီးချုပ်ပြော
May 15 • 3:34 AM
မြန်မာ
ကရင်
မျှဝေမည်
| 28 | 0 | 0 | 0 |


