back

ORPT စနစ်ဖြင့် ကြားဘူတာ ရထားလက်မှတ်များ (၅) ရက်ကြိုတင် ဝယ်ယူနိုင်ပြီ

May 15 • 3:33 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ORPT စနစ်ဖြင့် ကြားဘူတာ ရထားလက်မှတ်များ (၅) ရက်ကြိုတင် ဝယ်ယူနိုင်ပြီ

ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန် မြန်မာ့မီးရထား၏ Online Railways Ticketing and Payment (ORPT) စနစ်မှ ရထားလက်မှတ် ကြိုတင်ဝယ်ယူနိုင်သည့် ဝန်ဆောင်မှုများကို ထ...

ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန် မြန်မာ့မီးရထား၏ Online Railways Ticketing and Payment (ORPT) စနစ်မှ ရထားလက်မှတ် ကြိုတင်ဝယ်ယူနိုင်သည့် ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့လိုက်ကြောင်း သိရသည်။ယခင်က ကြားဘူတာခရီးစဉ်များအတွက် ရထားလက်မှတ်များကို (၃) ရက်သာ ကြိုတင်ဝယ်ယူနိုင်ခဲ့သော်လည်း ၂၀၂၆ ခုနှစ် မေ ၁၃ ရက် နံနက် ၀၀:၀၀ နာရီမှစတင်၍ (၅) ရက်ကြိုတင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ယင်းကဲ့သို့ တိုးချဲ့လိုက်ခြင်းကြောင့် ခရီးသွားပြည်သူများအနေဖြင့် လက်မှတ်ရရှိမှု ပိုမိုလွယ်ကူလာမည်ဖြစ်ပြီး ခရီးစဉ်များကိုလည်း ပိုမိုစနစ်တကျ စီစဉ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

160