ထိုင်းနိုင်ငံမှာ လျှပ်စစ်ခနဲ့ လောင်စာဆီဈေးတွေ တက်လာတဲ့ ဒဏ်ကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေဟာ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်အထိ ထိုးတက်လာနိုင်တယ်လို့ ကုန်သည်ကြီးများအသင်းနဲ့ လုပ်ငန်းရှင်တွေက သတိပေးလိုက်ပါတယ်။အဓိကကတော့ ကုန်ထုတ်လုပ်ငန်းတွေမှာ သုံးရတဲ့ စွမ်းအင်စရိတ်တွေ က အဆမတန် မြင့်တက်လာတာကြောင့်ပါ။ ကုန်ကြမ်းသယ်ယူတာကအစ၊ စက်ရုံတွေ လည်ပတ်တာအဆုံး ကုန်ကျစရိတ်တွေ များလာတဲ့အတွက် ထုတ်လုပ်သူတွေက ဈေးမတက်ဘဲ မတောင့်ခံနိုင်တော့တဲ့ အနေအထား ဖြစ်နေပါတယ်။လုပ်ငန်းရှင်တွေဘက်ကလည်း အစိုးရအနေနဲ့ ဒီစွမ်းအင်ဈေးနှုန်းတွေကို အမြန်ဆုံး ထိန်းညှိပေးဖို့ တောင်းဆိုနေကြပါတယ်။ တကယ်လို့သာ ကုန်ဈေးနှုန်းတွေ ဒီအတိုင်း ဆက်တက်နေမယ်ဆိုရင် ပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းအား ကျဆင်းသွားပြီး စီးပွားရေးတစ်ခုလုံးကို ထိခိုက်လာနိုင်ပါတယ်။
May 15 • 2:23 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 34 | 0 | 0 | 0 |


