back

ရန်ကုန်တိုင်းဒေသကြီး၌ ကလေးမွေးဖွားမှုနှုန်း ကျဆင်း

May 15 • 1:48 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၌ ကလေးမွေးဖွားမှုနှုန်း ကျဆင်း

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူထားတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်း ဒေသကြီးမှာ ကလေးမွေးဖွားမှုနှုန်း ကျဆင်းတယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှ...

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူထားတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်း ဒေသကြီးမှာ ကလေးမွေးဖွားမှုနှုန်း ကျဆင်းတယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် အချက်အလက်တွေအရ ရန်ကုန် တိုင်းဒေသကြီးရှိ အိမ်ထောင်ကျဖူးသူ အမျိုးသမီးတစ်ယောက်ရဲ့ စုစုပေါင်း ကလေးမွေးနှုန်းဟာ Indirect Method အရ ၁ ဒသမ ၅ ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။နိုင်ငံတကာ စံချိန်စံညွှန်းအရ လူဦးရေလျော့ကျမှုမရှိဘဲ လက်ရှိ အတိုင်း ဆက်လက်ထိန်းထားနိုင်ဖို့လိုအပ်တဲ့ မွေးဖွားနှုန်း (Replacement Level)မှာ ၂ ဒသမ ၁ ယောက် ဖြစ်တဲ့ အတွက် ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ စံနှုန်းအောက်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ပြည်ထောင်စုအဆင့်ရဲ့ စုစုပေါင်းကလေးမွေးနှုန်းဟာ ၁ ဒသမ ၈ ယောက်ရှိတာကြောင့် ရန်ကုန်တိုင်းဒေသကြီး ဟာ နိုင်ငံရဲ့ပျမ်းမျှမွေးဖွားမှုနှုန်းထက် ပိုမိုနိမ့်ကျနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

news-view-count-icon

26