back

မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦးရဲ့အသက်ကို သိန်း ၁၀၀ စီဖြင့် ကျေအေးပေးရန် ဖိအားပေးနေ

May 13 • 12:05 PM

breaking-news

မြန်မာ

မွန်

cover

မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦးရဲ့အသက်ကို သိန်း ၁၀၀ စီဖြင့် ကျေအေးပေးရန် ဖိအားပေးနေ

ကားတိုက်ခံရပြီး သေဆုံးသွားသည့် မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦး၏အသက်၃ချောင်းနှင့် ပျက်စီးသွားသော ဆိုင်ကယ်ကို စုစုပေါင်း ကျပ်သိန်း၄၀၀ ဖြင့် ကျေအေးပေးရန် ကျန်ရစ်သ...

ကားတိုက်ခံရပြီး သေဆုံးသွားသည့် မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦး၏အသက်၃ချောင်းနှင့် ပျက်စီးသွားသော ဆိုင်ကယ်ကို စုစုပေါင်း ကျပ်သိန်း၄၀၀ ဖြင့် ကျေအေးပေးရန် ကျန်ရစ်သူ မိသားစုဝင်များအား ဖိအားပေး ညှိနှိုင်းနေကြောင်း သိရသည်။မေလ၁၀ရက်၊ ညနေ၄နာရီခွဲခန့်တွင် သထုံမြို့နယ်၊လေးတိုင်ကျေးရွာ၊သထုံ-ဘားအံကားလမ်းမ ပေါ်တွင် သထုံမြို့၊သုဝဏ္ဏဝတီမြို့သစ်ဘက်မှ ကြာပန်းကျေးရွာ၊တာယာစက်ရုံဘက်သို့ ပြန်လာ သော မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦး စီးလာသည့်ဆိုင်ကယ်ကို ဘားအံမှသထုံဘက်သို့ လာသည့် Honda Fit ကား က မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့ရာ ၃ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ခြင်း ဖြစ် ကြောင်း ဒေသခံများထံက သိရသည်။ကားမောင်းလာသူ နေလင်းစိုးမှာ အငြိမ်းစား EPC လူကြီးတစ်ဦး၏သားဖြစ်ပြီး ၎င်း၏ မိသားစုဝင်တို့ က တာယာစက်ရုံတာဝန်ရှိသူမှတစ်ဆင့် အမှုကျေအေးပေါ့လျော့စေရန် ကြိုးစားနေသလို စက်ရုံတာ ဝန်ရှိသူအချို့ကလည်း နေလင်းစိုးဘက်က ရှေ့နေလိုက်ပေးနေသည့် အသံသက်သေရရှိထားကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ သထုံဗိုလ်ချုပ်နပိုလီယံ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်သေဆုံးသွားသည့် တက္ကသိုလ်ကျောင်းသူ၃ဦးစလုံး၏ မိဘများမှာ တာယာစက်ရုံဝန်ထမ်းများဖြစ်ပြီး တာယာစက်ရုံဝင်းအတွင်းရှိ လိုင်းခန်း၌ နေထိုင်ကြသူများဖြစ်သည်။ယာဉ်မောင်းလာသူ နေလင်းစိုးသည် အရက်သေစာ ပုံမှန်သောက်စားနေသူတစ်ဦးဟုလည်း သထုံ ဗိုလ်ချုပ် နပိုလီယံက ဆိုသည်။နေလင်းစိုးသည် ကားမောင်းလာစဉ် အရက်မူးနေကြောင်း သထုံမြို့တွင် သတင်းထွက်နေပြီး တက္က သိုလ်ကျောင်းသူတစ်ဦး၏ အသက်တစ်ချောင်းကို သိန်း၁၀၀ ဖြင့် ကျေအေးခိုင်းခြင်းအပေါ် သထုံမြို့ ခံတို့က မကျေနပ်ကြကြောင်း သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေ အမျိုးသားကြီးတစ်ဦးကဆိုသည်။



news-view-count-icon

88