back

ဓာတ်အားစနစ်ချို့ယွင်း၍ လျှပ်စစ်မီးပြတ်တောက်နေ၊ Gas တာဘိုင်များဖြင့် ဆေးရုံကြီးများကို လျှပ်စစ်ဓာတ်အားပေးနေ

May 13 • 11:52 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဓာတ်အားစနစ်ချို့ယွင်း၍ လျှပ်စစ်မီးပြတ်တောက်နေ၊ Gas တာဘိုင်များဖြင့် ဆေးရုံကြီးများကို လျှပ်စစ်ဓာတ်အားပေးနေ

ဓာတ်အားစနစ်ချို့ယွင်း၍ လျှပ်စစ်မီးပြတ်တောက်နေ၊ Gas တာဘိုင်များဖြင့် ဆေးရုံကြီးများကို လျှပ်စစ်ဓာတ်အားပေးနေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (Y...

ဓာတ်အားစနစ်ချို့ယွင်း၍ လျှပ်စစ်မီးပြတ်တောက်နေ၊ Gas တာဘိုင်များဖြင့် ဆေးရုံကြီးများကို လျှပ်စစ်ဓာတ်အားပေးနေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က အသိပေးထုတ်ပြန်သည်။မေ ၁၃ ရက်မွန်းလွဲ ၂ နာရီ ၄၃ မိနစ်ခန့်က ဓာတ်အားစနစ်အတွင်း (၂၃၀) ကေဗွီ သာစည်-ရွှေမြို့လိုင်းအပြစ်ဖြင့် ဓာတ်အားစနစ်ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်ဟု YESC က ထုတ်ပြန်သည်။ယင်းကြောင့် ရန်ကုန်တိုင်းရှိ Gas Turbine အချို့အားသီးခြားမောင်းနှင်၍ ဆေးရုံကြီးများလျှပ်စစ်ဓာတ်အားရရှိရန် ဦးစားပေးဆောင်ရွက်လျှက်ရှိသည်ဟုလည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ကြေညာသည်။



news-view-count-icon

19