back

ဧရာဝတီတိုင်းတွင် မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၃၆၅ဒသမ ၀၁၈) ဘီလီယံထုတ်ချေးပေးရန် လျာထား

May 13 • 7:47 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းတွင် မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၃၆၅ဒသမ ၀၁၈) ဘီလီယံထုတ်ချေးပေးရန် လျာထား

ဧရာဝတီတိုင်းတွင်  မိုးရာသီစိုက်ပျိုးစားရိတ်ချေးငွေစတင်ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက် ချေးငွေကျပ် (၃၆၅.၀၁၈) ဘီလီယံကို ထုတ်ချေးပေးရန်လျာထားက...

ဧရာဝတီတိုင်းတွင်  မိုးရာသီစိုက်ပျိုးစားရိတ်ချေးငွေစတင်ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက် ချေးငွေကျပ် (၃၆၅.၀၁၈) ဘီလီယံကို ထုတ်ချေးပေးရန်လျာထားကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီးတွင် ယခင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ စပါးတစ်ဧက ချေးငွေနှုန်းထား တစ်သိန်းခွဲနှုန်းဖြင့် တောင်သူ (၁၄၆၀၃၇) ဦး၊ ဧက (၁၀၀၅၆၇၃) အတွက် ချေးငွေကျပ် (၁၅၀ဒသမ၈၅၀) ဘီလီယံ ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စပါးတစ်ဧက ချေးငွေနှုန်ထား ကျပ်သုံးသိန်းနှုန်းဖြင့် လျာထားဧက (၁၂၁၆၇၂၈) အတွက် ချေးငွေကျပ် (၃၆၅ဒသမ ၀၁၈) ဘီလီယံကို ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။သို့ရာတွင် ချေးငွေတစ်ဝက်ကို စိုက်ဘဏ်မှငွေသားဖြင့်ထုတ်ချေးပြီး ကျန်တစ်ဝက်ကို K Pay account သို့ လွှဲပေးမည့်အစီအစဥ်နှင့်ပတ်သက်ပြီး တောင်သူတစ်ချို့ လတ်တလောဖုန်းအသုံးပြုမှု အခက်အခဲတစ်ချို့နှင့်ကြုံတွေ့နေရကြောင်းလည်း သိရသည်

news-view-count-icon

29