လာမည့် မေ (၁၅) ရက် သောကြာနေ ညပိုင်း၌ ကျင်းပမည့် ONE FF- 154 ပွဲစဥ်တွင် ဒို့ရိုးရာကလပ်၏ မြန်မာ့မျက်နှာ သစ်ဖိုက်တာ အောင်ထွန်းဗိုလ်နှင့် ထိုင်းဖိုက်တာ မဟီဆူရန်တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း ONE က တရား ဝင် ကြေညာထားပြီ ဖြစ်သည်။အောင်ထွန်းဗိုလ်သည် သံမဏိစိုးလင်းဦး၏ "ဒို့ရိုးရာ" ကလပ်က ထွက်ပေါ်လာသည့် မျိုးဆက်သစ်ဖိုက်တာဖြစ်ပြီး ထန်ကွီရှိန်း၊ စိုးသန်းတို့ကဲ့သို့ ရိုးရာလက်ဝှေ့လောကမှာ တက်သစ်စ ထိပ်တန်းလူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူတစ်ဦးလည်းဖြစ်သည်။ပြိုင်ဘက်ဖြစ်သူ ထိုင်းဖိုက်တာ မဟီဆူရန်သည် ONE ပွဲစဉ်အတွင်း (၅) ပွဲကစား (၂) ပွဲနိုင် (၃) ပွဲရှုံးရလဒ်ထွက်ပေါ်ထားသူဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် ဝါရင့်ရိုးရာဖိုက်တာ ထွန်းမင်းနိုင် (ဆူလမန်) နှင့် စပိန်လူမျိုး မျက်နှာသစ်ဖိုက်တာ ဂျူရမ်မာတီနတ်တို့လည်း ပါဝင်လာသည်။ ONE FF-154 ပွဲစဉ် ခေါင်တွဲဆိုင်းတွင် ရိုးရာဖိုက်တာ ကျော်စွာဝင်း၏ ပြိုင်ဘက်ဟောင်း လိပ်နင်ဂျာဆမင်းဒန် က ထိုင်းဖိုက်တာ ယောက်ဖျူပါနှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


