back

အလုပ်သမားဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အရ ခွင့်ပြန်အလုပ်သမားများအတွက် OWIC ကတ်များကို တစ်ပတ်အတွင်းအမြန်ဆုံးထုတ်ပေးမည်

May 11 • 4:42 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အလုပ်သမားဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အရ ခွင့်ပြန်အလုပ်သမားများအတွက် OWIC ကတ်များကို တစ်ပတ်အတွင်းအမြန်ဆုံးထုတ်ပေးမည်

​ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအတွက် ပြည်ပအ လုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးခြင်းကို အလုပ်သမားဝန...

​ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအတွက် ပြည်ပအ လုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးခြင်းကို အလုပ်သမားဝန်ကြီးဌာနက အရှိန် အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။လက်ရှိအချိန်၌ အလုပ်သမားဝန်ကြီးဌာန၏ ရက် (၁၀၀)စီမံချက်အဖြစ် မေ ၈ ရက်အထိလက်ခံရရှိထားသော OWIC လျှောက်ထားမှုများအနက် အလုပ်သမား (၆၀၆)ဦးကိုစိစစ်ပြီးဖြစ်၍ မေ ၁၁ ရက်မှ မေ ၂၂ ရက်အတွင်းစတင်ပြုလုပ်ပေးသွားမည်ဖြစ်သည်။ခွင့်ပြန်အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အ လမ်းများဆုံးရှုံးမှုမရှိစေရန် အလုပ်သမားဝန်ကြီးဌာနက OWIC အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် အချက်အလက်မှားယွင်း၍ ကတ်လဲလှယ်ခြင်းတို့ကို အထောက်အထားပြည့်စုံမှန်ကန်ပါက(ရုံးပိတ်ရက်မပါ) ရက်သတ္တပတ်တစ်ပတ်အတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ထို့ပြင် OWIC ကတ်ရရှိပြီးသူများအနေဖြင့် လေယာဉ်လက်မှတ်နှင့်အတူ ပြန်လည်ထွက်ခွာခွင့်တင်ပြလာပါကလည်း လေယာဉ်ထွက်ခွာမည့်ရက်အမီ စိစစ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကာ OWIC ပြုလုပ်ခွင့်ရရှိသူများ ၏ အမည်စာရင်းကို ဝန်ကြီးဌာန၏ Safe Migration (Facebook, Telegram, TikTok)စာမျက်နှာများတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဟု အလုပ် သမားညွှန်ကြားရေးဦးစီးဌာနကအသိပေးခဲ့သည်။ထို့ပြင် အမည်စာရင်းများကို Safe Migration ၏လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပေးမည်ဖြစ်၍ မိ မိအလှည့်ကိုလွဲချော်မှုမရှိစေရန် ပုံမှန်စောင့်ကြည့်သင့်ပြီး OWIC ကတ်ရရှိပြီးပါက ထွက်ခွါခွင့်ကိုအမြန်ဆုံးပြန်တင်ပြရန်လိုအပ်သဖြင့်လေယာဉ်လက်မှတ်နှင့် စာရွက်စာတမ်းများကို ကြိုတင်စနစ်တကျပြင်ဆင်ထားရမည်ဖြစ်သည်။


news-view-count-icon

42