ယနေ့ မေလ ၁၁ ရက်၊ နံနက်ပိုင်းတွင် ဆိုင်နှင့် ဆိုင်အတွင်းရှိ ပစ္စည်းများအား တောင်ကြီးမြို့မရဲစခန်းမှ ယာယီ လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ချိတ်ပိတ်တာမဟုတ်ဘူး၊ ယာယီပိတ်တာပါ” ဟု ပြောသည်။Peter ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် မေလ ၄ ရက်၊ ညပိုင်းက သေဆုံးသူ အမျိုးသမီးငယ် အား စားသောက်ဆိုင်အတွင်း လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုးပေးအပ်ခဲ့သည်ကို ၎င်းအား ပြောပြမှုမရှိခြင်းကြောင့် ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက် ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ကျူးလွန်သူ ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် မေလ ၆ ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၌ အဖမ်းခံခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် ကျူးလွန်သူ အောင်မျိုးသူ (ခ) ပီတာကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ အပြင် ကလေး သူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၁၀၀ (က)၊ ၁၀၁ (ခ) နှင့် ယစ်မျိုးဥပဒေပုဒ်မ ၇၄ (ဃ) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။



